မိုးနဲ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖြေရွာ ဌာနေပြည်သူ့စစ်ခန်းမနေရာ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မိုးနဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုဝင်းက မဲပေးစက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများ သိရှိသင့်သည့်အချက်များကို ပြောကြားပေးခဲ့ပြီး မဲစာရင်းကြေညာချက်များကို အများပြည်သူများ သိသာထင်ရှားသောနေရာများတွင်ကပ်ကာ ပြသသွားမည်ဖြစ်ကြောင်း မြန်မာဘာသာ၊ ရှမ်းဘာသာ (၂)မျိုးစလုံးဖြင့် ဆိုင်းဖြေရွာနေ မဲဆန္ဒရှင် ၄၀၀ ဦးအား အသိပညာပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်သည့်နေရာသို့ တာဝန်ရှိသူများ၊ ရပ်ကျေးစာရေးတို့က လာရောက်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မဲပေးစက်ဖြင့် မဲပေးနည်းကိုလည်း လက်တွေစမ်းသက်သရုပ်ပြခဲ့ကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် မယ်ဇလီမြိုင် RC ကျောင်း၌ (နားလင်း၊ နမ့်မော်လီ၊ ဟိုဖိုင်၊ တုံကျိုင်း၊ မယ်ဇလီမြိုင်)ကျေးရွာနေပြည်သူ ၃၄၄ ဦးအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် မဲပေးနည်း လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
ဇင်ကိုကို