တန့်ယန်းမြို့နယ်တွင် Grade - 4 သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်း ဖွင့်လှစ်

 

တန့်ယန်း  သြဂုတ်  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာမူလတန်း အဆင့် Grade - 4   သင်ရိုးသစ်အတွက် မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းကို သြဂုတ်လ  ၁ ရက်နေ့မှ စတင်၍ အမှတ်(၉)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဖွင့်လှစ်နေသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ  သင်တန်းသား ဆရာ/ ဆရာမ (၁၂၃) ဦး တက်ရောက်နေလျက်ရှိပြီး အခြေခံပညာမူလတန်းအဆင့် Grade - 4  သင်ရိုးသစ်နှင့် ပတ်သက်သော ဘာသာရပ်များအား လေ့ကျင့်သင်ကြားပေးကာ သင်တန်းကို သြဂုတ်လ ၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)