မုဒုံ စက်တင်ဘာ ၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲအား ပြည်နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ ခေတ္တတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်ကိုကိုလွင်နှင့်တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းအောင်၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ပြီး အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်(၂၀)ဦး၊ အထက်တန်းအဆင့်(၂၀)ဦး စုစုပေါင်းကျောင်းသား/သူ(၄၀)ဦးတို့က “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံး သတ်စို့” ခေါင်းစဥ်ဖြင့်ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား/သူများကို မော်လမြိုင်မြို့တွင်ကျင်းပပြုလုပ်မည့် စက်တင်ဘာ(၁၃)ရက်နေ့ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်း အနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)