ဘားအံ စက်တင်ဘာ ၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဩဂုတ် ၁၄ ရက်မှ ၁၅ ရက်အထိကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရား သူကြီးချုပ်များ၊ တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက ကရင် ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်းက တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် ဝန်ထမ်းများအားလုံးသည် နိုင်ငံသား၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စေရေးအတွက်ကျရာကဏ္ဍမှ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားပြီးဖြစ်သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းမှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)(Anti-Money Laundering and Countering the Financing of Terrorism)ဆိုင်ရာ ၂၀၂၅ ခုနှစ် လုပ်ငန်းအစီအစဉ်နှင့် AML/CFT ဆိုင်ရာဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြုချည်းကပ်စစ်ဆေးသည့် လက်စွဲကို လေ့လာသိရှိထားကြရန်၊ တရားရုံးက ဦးဆောင်သည့်စေ့စပ်ဖြေရှင်းစနစ်အား အများပြည်သူပိုမိုသိရှိနိုင်အောင် အသိပညာပေးတိုးမြှင့်လုပ်ဆောင်သွားရန်၊ မှုခင်းများစစ်ဆေးရာတွင် ဥပဒေနှင့်အညီမှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်နှင့် ပြည်သူများ ယုံကြည်ကိုးစားသည့် တရားစီရင်းရေးစနစ်ဖြစ်ထွန်းစေရေး အလေးပေးဆောင်ရွက်သွားကြရန် မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပြည်ထောင်စုတရာလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာနှင့်စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးဒေါ်နွဲ့နွဲ့ဦးတို့က လိုအပ်သည်များမှာကြားကာ ခရိုင်/မြို့နယ်တရားသူကြီးများက တရားစီရင်ရေးဆိုင်ရာနှင့် စီမံခန့်ခွဲရေးဆိုင်ရာများ တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တင်ပြ ဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေးမှာကြားသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)