မိုင်းယောင်း ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကော်လုန်းကျေးရွာအနီးရှိ ကိုရင်ကြီး (ဖပီလုံ) ပါဝုန်း တောရကျောင်းသည် ဒေသခံဘုရားဖူးပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ပြည်သူများက လာရောက်ဖူးမြှော်သူ များပြားသည့် နေရာတစ်ခုဖြစ်သည်။
ကိုရင်ကြီး(ဖပီလုံ)ပါဝုန်း တောရကျောင်းသည် မိုင်းယောင်းမြို့နယ် ဝမ်မန်းကျေးရွာအုပ်စုရှိ ဝမ်ကော် လုန်း ကျေးရွာ အနောက်ဘက်တွင် တည်ရှိပြီး တောတောင်၊ သစ်ပင်ရိပ်များဖြင့် အုပ်မိုးထားကာ အေးမြသည့် နေရာ တစ်ခုဖြစ်သည်။
တောရကျောင်းသို့ မိုင်းယောင်းမြို့တွင်း တြိဂံလမ်းဆုံ-နောင်ခမ်းကန်ဘက်မှ စတင်ထွက်ခွာရပြီး တစ်နာရီ ကြာ ခန့် မောင်းနှင်ရမည်ဖြစ်ကာ ကားလမ်းကြီး ဖောက်လုပ်ထားသဖြင့် ရာသီမရွေး သွားရောက်ဖူးမြှော်နိုင်၍ တော ရကျောင်းတောင်သို့ တက်လိုက်သည်နှင့် အေးမြသည့် ခံစားမှုရသကို ရင်ထဲမှာ စတင်ခံစားရရှိနိုင်မည် ဖြစ်ပါသည်။
တောရကျောင်းတွင် သီတင်းသုံးခဲ့သည့် ကိုရင်ကြီး(ဖပီလုံ)၏ ဖယောင်းရုပ်တု ကိုယ်တော်ကိုလည်းကောင်း၊ ကိုရင်ကြီး(ဖပီလုံ)၏ အရိုးအုတ်ဂူတော်နှင့် ရပ်တော်မူ ကိုယ်တော်ကိုလည်းကောင်း ဖူးမြှော်နိုင်မည်ဖြစ်ပြီး၊ တောရစေတီတော်ကိုလည်း ဖူးမြှော်နိုင်မည် ဖြစ်ပါသည်။
ကိုရင်ကြီး(ဖပီလုံ)ပါဝုန်း တောရကျောင်းသည် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ် ဒေသခံ ဘုရားဖူး ပြည်သူများအပြင်၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် ကြိတ်ကြိတ်တိုးတိုး စည်ကားပြီး၊ သာမာန် နေ့များတွင်လည်း တစ်နှစ်ပတ်လုံး ဘုရားဖူးသူများရှိပြီး၊ ကိုဗစ်-၁၉ အလွန်တွင် ဘုရားဖူးခရီးသွား ပြည်သူများ အတွက် နေရာကောင်း တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။
အားချာ(ပြန်/ဆက်)