ကျောက်တံတားမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်တံတား ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခ‌ရိုင်၊ ကျောက်တံတားမြို့၌ ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၊ ကျောက်တံတားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အင်ဂျင်နီယာ ဦးအောင်ကိုတိုးမှ လျှပ်စစ်အန္တရာယ်ဆိုင်ရာ သတိပြုရန်အချက်များကိုလည်းကောင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးလှသွယ်က မြန်မာနိုင်ငံအရပ်ရပ်ရှိ ဓာတ်လိုက်မှုဖြစ်စဉ်များအပေါ် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ တရားမဝင် ဓာတ်အားသုံးစွဲမှုအပေါ် အရေးယူဆောင်ရွက်ရမည့်အချက်များနှင့် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပါတားမြစ်ချက်များ ပြစ်မှုနှင့်ပြစ်ဒဏ်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီးနောက် လျှပ်စစ်ဓာတ်လိုက်ခံရပါက အသက်ဆုံးရှုံးမှုမဖြစ်ရအောင် ရှေးဦးသူနာပြုစုနည်းသရုပ်ပြခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှောန်းနှီးယန်းနှင့်အဖွဲ့က လက်တွေ့သရုပ်ပြကြသည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်လှမေနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးဆောင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)