မိုင်းယောင်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ တာကြန့်ကျေးရွာ၌ ယမန်နေ့က မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးမိုးဝင်း(ခ)တင်မိုးဝင်းက ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိအခြေအနေနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းကို ရှင်းလင်းပြောကြားပြီး ကော်မရှင်ရုံးမှ ဝန်ထမ်းများက မဲပေးနည်း သရုပ်ပြသခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများ၊ ဒေသခံပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်း လက်တွေ့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း