သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော လက်ကမ်း‌စာ‌‌စောင်များဖြန့်ဝေ

ရန်ကုန် ဩဂုတ် ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ပညာ‌ပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်း အချိန်က သင်္ဃန်းကျွန်းမြို့နယ် ရပ်ကွက်များ၊ ဈေးများ လူစည်ကားရာ နေရာများတွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာချက်ကို ပြည်သူများသိရှိ နိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံး စေရန်အတွက် မဲစာရင်းလာကြည့်ရှုသော ပြည်သူများအနေဖြင့် မဲစာရင်း ကြည့်ရှုရာတွင် အမည်မပါလျှင် ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူ ပါဝင်နေပါက ပုံစံ (၄) ဖြင့် လည်းကောင်း၊ အချက်အလက်မှားယွင်းနေပါက ပုံစံ ၄(ဂ)ဖြင့်လည်းကောင်း (၁၄)ရက် အတွင်း အချိန်မီဖြည့်စွက် လျှောက်ထား နိုင်ရန် အသိပညာပေးခြင်းများနှင့် ကိုဗစ်-၁၉ ကြောင့် သင့်ရဲ့မဲပေးပိုင်ခွင့်ကို မဆုံးရှုံးပါစေနဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက အကြံပြုချက်များကို လိုက်နာပါ၊ သင်နှင့်အခြားသူများ၏ ကျန်းမာရေးကို ရှေးရှုလျက် လုံခြုံစွာ နေထိုင်ပြီး သင့်နာမည် ပါ/မပါ သွားရောက်စစ်ဆေးပါ၊ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးနှင့် အထက် ပထမဆုံးအကြိမ် မဲပေးကြမည့် လူငယ်(၅)သန်းခန့်ရှိမှာဖြစ်ကြောင်း စသည့်အချက်အလက်များ ပါဝင်ကြောင်း သိရှိရ သည်။

ရဲမင်းထွန်း (ပြန်/ဆက်)