ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန် ၀မ်းပျက်၊ ၀မ်း‌လျှောရောဂါကာကွယ်ဆေး (Oravacs)တိုက်ကျွေး

ဒဂုံတောင် သြဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက KG ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန် ၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး (Oravacs) ကို အခြေခံပညာကျောင်းများတွင် ကွင်းဆင်းတိုက်ကျွေးကြကြောင်း သိရသည်။

ထိုသို့တိုက်ကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသော KG တန်း ကျောင်းသား၊ ကျောင်းသူများအား ၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး (Oravacs) စနစ်တကျတိုက်ကျွေးကြကြောင်းနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ပူးပေါင်းကာ  မြို့နယ်အတွင်း  ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး(ပြန်/ဆက်)