လဟယ် ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးနာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့တွင် လူများဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်ပြီး မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပါင်းပြီး လူငယ် ရေးရာ အသိပညာပေးဟော ပြောပွဲကို ယခုလ (၂၂-၈-၂၀၂၅) ရက်နေ့တွင် ဆွမ္မရာအထကကျောင်း၌ ကျင်းပပါသည်။
ဦးစွာ ဆွမ္မရာမြို့ အုပ်ချုပ်ရေးမှူး ဦးကဲစောဦးကအဖွင့် အမှာစကားပြောကြားပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးလှသန်းကလူငယ်နှင့် အားကစားနှင့်ခေါင်းစဉ်ဖြင့်ဟောပြောပါသည်။ ထို့နောက်ကျောင်းသား ကျောင်းသူများကအားကစားနှင့် ပတ်သက်ပြီးသိလိုသည်များ မေးမြန်းကြရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိကပြန်လည် ဆွေးနွေးခဲ့ကြာင်း သိရသည်။
အဆိုလူပါ ငယ်ရေးရာ အသိပညာပေးဟောပြာပွဲကိုယခုလ (၂၀-၈-၂၀၂၅) မှ (၂၄-၈-၂၀၂၅) ရက်နေ့အထိ လေရှီးမြို့နယ် အနောက်ခြမ်းကျေးရွားများဖြစ်သာ ကူကီး၊ အ.ထ.က ကျောင်း၊ ကုံကိုင်လုံ၊ အ.ထ.က ကျောင်းတို့တွင်လည်း အလားတူ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို နယ်လှည့်ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)