နာဂဒေသ လဟယ်မြို့တွင် ဆယ်ကျော်သက်အမျိုး သမီးငယ်များကျန်းမာဖွံ့ဖြိုး ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

လဟယ် ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသအမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသော ဆယ်ကျော်သက်အမျိုးသမီးငယ်များ ကျန်းမာဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်လဟယ်မြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပပါသည်။

ရှေးဦးစွာ နာဂဒေသ အမျိုးသမီး‌‌ရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ရီရီပြုံး (ဒုတိယညွန်ကြား ရေးမှူး၊ဒေသစီမံကိန်း ဦးစီးဌာန) ကအဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် လဟယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာ၀န် ဒေါက်တာဆုဝေထွန်း ကဆယ်ကျော်သက်အမျိုးသမီးငယ်များ ကျန်းမာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ကျောင်းသူများက ကျန်းမာရေးနှင့်ပတ်၍ သိလိုသည်များမေးမြန်းကြရာ ဒေါက်တာ ဆုဝေထွန်းက ပြန်လည်ဖြေကြားပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)