ဇီးကုန်းမြို့နယ် မြို့မဈေးအတွင်း အများပြည်သူစားသုံးရန်မသင့်သောအသားများ ရောင်းချမှု မရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ဇီးကုန်း ဩဂုတ် ၄

အများပြည်သူစားသုံးရန် မသင့်သောအသားများ ရောင်းချမှုမရှိစေရေးစစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမေသူဝင်း၊ ဒေါက်တာဝင်းရတနာထက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မြင့်နှင့်ဝန်ထမ်းများ၊ မြို့မဈေး တာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် မြို့မဈေးအတွင်း အသားများ ရောင်းချ ရာတွင် သန့်ရှင်းလတ် ဆတ်စေရန်နှင့် အများပြည်သူစားသုံးရန်မသင့်သော အသားများ ရောင်းချမှုမရှိစေရေးကို လိုက်လံ စစ်ဆေး ခဲ့ပြီး အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိ လိုက်နာရန် အသိပညာပေး ဗွီနိုင်းပိုစတာ များ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်