အောင်လံ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း (ကုသိနာရုံ)၌ ပြုလုပ်ခဲ့သည်။
ထိုသို့ အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် KG ကျောင်းသား/သူများမှ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောသန့်စင်ခြင်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်ကိုပြုလုပ်ခဲ့ပြီး၊ ကျောင်းသား/သူများအား ထမင်း၊ သီးစုံပဲကုလားဟင်းနှင့် ဖီးကြမ်းငှက်ပျောသီးတို့ကို ကျွေးမွေးခဲ့ကြောင်း သိရသည်။
အာကာ(အောင်လံ)