စေတုတ္တရာမြို့နယ်၌ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်

စေတုတ္တရာ ​ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် စေတုတ္တရာမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ဝေဖြိုးခိုင်က လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram ၊ Viber ၊ YouTube ၊ Messenger တို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍ စာဖြင့် ဆက်သွယ်ကာ ငွေကြေးလိမ်လည်ခြင်း၊ သွေးဆောင်ကာလူကုန်ကူးခြင်းများကို အွန်လိုင်းမှတစ်ဆင့် ကျုးလွန်ကြခြင်းကို အသိသတိဖြင့် ဆင်ခြင်ကြရန် ပြောကြားပြီး လိမ်လည်လှည့်ဖြားခြင်းမခံရအောင် နိုင်ငံတကာအွန်လိုင်းလိမ်လည်မှုအသိပညာပေး ဗီဒီယိုပြသခဲ့သည်။

ဆက်လက်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများ ကျောင်းစာတွင်သာမက ပြင်ပစာပေများကိုလည်း အားလပ်ချိန်များတွင် အကျိုးရှိစွာ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်းတို့ဖြင့် ပြင်ပဗဟုသုတများ ရှာဖွေနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။

ဆန်းကိုကို(ပြန်/ဆက်)