နတ်မောက် ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေးအတွက် KG ကျောင်းသား/သူများအား အာဟာရချက်ပြုတ်ကျွေးမွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအာဟာရချက်ပြုတ်ကျွေးမွေးခြင်းသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး(၁)နှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ရာ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမှုအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေးအတွက် ပညာရေးနှင့် ကျန်းမာရေးအပါအဝင် ပူးပေါင်းဆောင်ရွက်ကြရန်၊ “အနာဂတ်ကြယ်ပွင့်ကလေးများ ကျန်းမာဖွံ့ဖြိုးဖို့ ကျောင်းတွင်းအာဟာရမြှင့်တင်စို့”ရည်ရွယ်ချက်ဖြင့် ပညာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့က ကျောင်းတွင်းအာဟာရကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း