နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ရွှေဝါထွန်းလမ်းအား ကျောက်ချောခင်းခြင်းဆောင်ရွက်

နတ်မောက် ဩဂုတ် ၂၈       

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ချောခင်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေ (၃၀ ဒဿမ ၆) သန်းဖြင့် ရွှေဝါထွန်းလမ်းအား လမ်းအရှည် (၁၅၄ ဒဿမ ၆ m)၊ အကျယ် (၃ ဒဿမ ၆၆ m)၊ ထု (၀ ဒဿမ ၁၅ m)ရှိ လမ်းမကြီးကို ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ အင်ဂျင်နီယာတို့မှ ကြီးကြပ်၍ လုပ်ငန်းပိုင်း အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှဝင်း