မုဒုံ သြဂုတ် ၂၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည်သိမ်းကအမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီဗဟိုကောင်စီဝင် ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးကျော်မြင့်က မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မြန်မာနိုင်ငံတွင်သက်တမ်းအရင့်ဆုံး လူမှုကရုဏာအဖွဲ့ အစည်းဖြစ်သည်နှင့်အညီ သမိုင်းကြောင်းအစဉ်အလာကြီးမားသည့် အသင်းကြီးတစ်သင်းလည်းဖြစ်ပါကြောင်း၊ နိုင်ငံတွင်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်ကြီးများတွင် ဘေးဒုက္ခခံစားခဲ့ကြရသူပြည်သူများကို လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ အဆင့် အတန်းမခွဲခြားဘဲ အစွမ်းကုန်ကူညီကယ်တင်စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ပြည်သူလူထုအတွက်ကျန်းမာရေး၊ လူမှုကာကွယ်ရေးနှင့် သက်ဆိုင်သောအသိပညာပေးလုပ်ငန်းများတွင် ကျေးလက်ဒေသအောက်ခြေအထိပါဝင်ကူညီဆောင်ရွက်ပေးပြီး ယခုလိုကျောင်းသား/သူ များစိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင်ထူးချွန်စွာဆုရရှိခဲ့သည့် သင်တန်းသားကျောင်းသား/သူများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည(ပြန်/ဆက်)