သံဖြူဇရပ် သြဂုတ် ၂၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းက ကျိုက္ခမီမြို့၊ နှစ်ကိုင်းကျေးရွာ၊ ရွာလယ်ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ဖြူဇရပ်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းဦးစီးမှူးနှင့် ကျိုက္ခမီမြို့လျှပ်စစ်ဌာနမှတာဝန်ခံများ၊ နှစ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်မိုးလွင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာများပြောကြားခြင်း၊ အဖွဲ့ဝင်ဗိုလ်မှူးသက်ထွန်းဦးမှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမိုးမြင့်မှ အကြမ်းမှုတိုက်ဖျက်ရေးနှင့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အသိပညာပေးခြင့်နှင့် ဥပဒေဆိုင်ရာပြစ်မှု/ပြစ်ဒဏ်များအား ချပြရှင်းလင်းခြင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များမောင်နှင် ဖမ်းဆီးမှုနှင့်ပတ်သက်၍ချပြရှင်းလင်းခြင်း၊ မြို့နယ်ဆည်မြောင်းဦးစီးမှူးဦးရွှေဝင်းက ရေရရှိရေး ချပြရှင်းလင်းပြောကြားရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူမှပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)