ဟင်္သာတ ဩဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးထင်အောင်ကျော်နှင့်ပညာရေးဌာန တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များ၊ ဟင်္သာတ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းသားများ၊ အားကစားဝါသနာရှင်များ (၆၅၀) ဦးခန့် တက်ရောက်ခဲ့သည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူး ဖလားအခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၌ တတိယဆု ရရှိခဲ့သည့် အ.ထ.က (ယုန်သလင်း) အသင်း၊ ဒုတိယဆုရရှိခဲ့သည့် အ.ထ.က (၃) (ဟင်္သာတ) အသင်း၊ ပထမဆု ရရှိခဲ့သည့် အ.ထ.က (ဓမ္ဘီ) အသင်းတို့မှ ကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များ ချီးမြှင့်ခြင်း၊ ပွဲစဉ်တစ် လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းကစားသမားဆု၊ အကောင်းဆုံး ရှေ့တန်းကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစား သမားဆုရရှိခဲ့သည့် ကစားသမားများအား ၊ငွေသားဆုများနှင့် ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးထင်အောင်ကျော်မှ ပထမဆုရရှိခဲ့သည့် အ.ထ.က (ဓမ္ဘီ) ဘောလုံးအသင်းအား တံခွန်စိုက် ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)