ကျောက်ဆည်မြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချသည့် မိသားစုများ အဆင်ပြေ

ကျောက်ဆည် ဩဂုတ်  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်းရှိ မြစ်ချောင်းများဘေး၌၊ ကိုင်းကျွန်းမြေပိုင်ဆိုင်သူများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိရေး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသည့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချခြင်းများနှင့်ပတ်သတ်၍ စိုက်ထားတဲ့ သီးနှံတွေကတော့ ဆလပ်တွန့်၊ တာချီဆန်၊ အိုးမုံညှင်း၊ ဆူးပန်း၊ နံနံ၊ ချဉ်ပေါင်၊ ပင်စိမ်း၊ တောင်အော်၊ ကန်စွန်း၊ ကြက်သွန်မိတ်၊ ခရမ်း၊ မုံလာဉ၊ မုန်ညှင်းခါး၊ ဘူး၊ ဆူးပုတ်ကြီး၊ စပါးလင် စတဲ့ ဟင်းသီးဟင်းရွက်တွေကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချကြောင်း စိုက်ပျိုးတဲ့အခါမှာလည်း ဓာတုဓာတ်ကြွင်းကင်းလွတ်စေဖို့ Superဘိုကာရှီ၊ EMဘိုကာရှီ သဘာဝမြေဆွေးမြေဩဇာ၊ ငါးအပိုင်နိုအက်စစ် သဘာဝအပင်အားတိုးဆေး၊  သဘာဝဆေးရွက်ကြီး၊ သဘာဝငရုပ်သီး ပိုးနှင်ဆေး၊ EM-5 သဘာဝမှိုဆေးတွေ ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲကြောင်း ရန်ပုံနှစ်ကျေးရွာမှ ဟင်းသီး၊ ဟင်းရွက်မျိုးစုံ စိုက်ပျိုးရောင်းချသည့် ဦးမြင့်မောင်က ပြောပြ သည်။

စိုက်ပျိုးရာ၌ ပန်းလောင်မြစ်ရေကို ရေစုပ်စက်ဖြင့်တင်၍ လိုအပ်သည့်အချိန်၌ လိုအပ်သလောက် အသုံးပြု၍ စိုက်ပျိုးခြင်းကြောင့် အဆင်ပြေကြောင်း၊ နေ့စဉ်ခူးဆွတ်ရရှိသည့် သီးနှံများအား ကျောက်ဆည်မြို့၊ အေးမြကြည်လင်ဈေးတွင် သွားရောက်ရောင်းချကြောင်း ဝယ်ယူစားသုံးသူများမှလည်း လတ်ဆတ်သည့် သီးနှံများဖြစ်သည့်အတွက် အရောင်းအဝယ်ကောင်း၍ မိသားစုစားဝတ်နေရေး အဆင်လျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)