ပြည်ကြီးတံခွန် ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၇ လမ်း၊ ၄၉-၅၀လမ်း(ဠ)ရပ်ကွက်ရှိ ကံကြီးကုန်းဘုန်းတော်ကြီး ပညာသင်ကြားရေး ကျောင်းအမှတ်(၇)တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဦးစီးမှူးဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက် ၁၀ နာရီက ပြည်သူများအား အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းနေရာသို့ မဟာအောင်မြေခရိုင်၊ လဝက ဦးစီးမှူး ဦးဟိန်းကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူး ဝင်းအောင်မျိုး၊ ရဲမှူးဇေယျာသန်း၊ ဦးသောင်းနိုင်၊ ဥပဒေအရာရှိ ဦးရန်လင်းအောင်တို့က လှည့်လည်ကြည့်ရှု စစ်ဆေးအားပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်