စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ (အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

စဉ့်ကိုင် ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယ​မန်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်စင်ထုတ်ယူရာတွင် ဩဂုတ်လ ၂၁ ရက်‌နေ့မှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ (အငြိမ်းစား) ဝန်ထမ်းများအား နေ့စဉ်နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး လစာငွေများအား အငြိမ်းစားဝန်ထမ်းများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် လာရောက်ထုတ်ယူနိုင်ကြောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် လာရောက် ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအား အလှည့်ကျစနစ်ဖြင့် အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ စနစ်တကျစီမံ ဆောင်ရွက်ထားကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့ပြပင်စင် (၃၂၀) ဦး၊ ကာကွယ်ရေးပင်စင် (၁၀၂) ဦး၊ နိုင်ငံရေးပင်စင်(၄၃)ဦး၊ ရဲတပ်ဖွဲ့ပင်စင် (၃၅)ဦး စုစုပေါင်းပင်စင်စား(၅၀၀) ဦးထုတ်‌‌ ပေးပြီးဖြစ်ပြီး ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ဆက်လက်ထုတ်‌ပေးသွားမည်ဖြစ်‌ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 

ကျော်စွာ (စဉ့်ကိုင်)