ထန်းတပင် သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ စီစဥ်မှုဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ လူနာစောင့်များနားနေဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီပြီး ၎င်းတို့၏ ကျန်းမာရေးအဆင့်တိုးတက်မြင့်မားလာစေရန် ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများတွင် ရောဂါရှာဖွေစစ်ဆေးခြင်းဖြင့် ရောဂါများကို စောစီးစွာရှာဖွေတွေ့ရှိ ကုသနိုင်ပြီးပိုမိုပြင်းထန်သော ရောဂါများနှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်လွှဲနိုင်စေရန်၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ကျန်းမာရေးအတွက် ငွေကုန်ကြေးကျစိုက်ထုတ်ရမှုလျော့ကျစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ထန်းတပင်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကျန်းမာရေးအသိ ပညာပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)