သနပ်ပင်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Unique Identity ကတ်များဆက်လက်ပြုလုပ်ပေးလျက်ရှိ

သနပ်ပင် ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးတင်ဌေးနှင့်ဝန်ထမ်းများက သ နပ်ပင်မြို့ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင်လွယ်လင့်တကူဖြစ်စေရေးအတွက် UID (Unique Identity)ကတ်များကို ယမန်နေ့မနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးသောအငြိမ်းစားများ၏ UID နံပါတ်များကိုရယူ၍ အချက်အလက်များအား မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension အစီအစဉ်တွင်ထည့်သွင်းနိုင်မည်ဖြစ်သည်။ အဆိုပါ UID ကတ်များကွင်းဆင်းဆောင်ရွက်နေမှုကို လဝကမှူးဦးရန်နိုင်ဦး၊ လက်ထောက်လဝကမှူးဦးတင်ကိုလတ်၊ စာရင်းကောက်ဒေါ်ချိုချိုအေး၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာနှင့်ဝန်ထမ်းများကပေါင်းစပ်ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)