ပန်းတောင်း သြဂုတ် ၂၂
ကျန်းမာရေးသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ရာ လူသားများ အသက်ရှည်ကျန်းမာသက်တမ်းစေ့နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ကျန်းမာရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ ဆရာမများက ကိုယ်အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါအစရှိသောရောဂါများကို အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ပေးလျက်ကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးထံမှသိရသည်။
လပြည့်လင်း(ပြန်/ဆက်)