ကြံခင်း ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်၊ မိုလ်းကောင်းဘုရားဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝင်းဝင်းမြင့်က MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်လုပ်ငန်းစဉ်များကို Power point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသည့် ရပ်ကွက်၊ ကျေးရွာ/အုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများက တစ်ဦးချင်း လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြသည်။ ထို့သို့မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ မဲပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင် တာဝန် ရှိသူများက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
ထိုသို့မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဘက်ရဲမြို့မှ ရပ်ကွက်၊ ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူ ၃၀၀ ဦး တက်ရောက်ခဲ့ ကြပြီးအား အဆိုပါ (MEVM)စနစ်ဖြင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို ဩဂုတ်လ ၁၈ ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ သက်ဆိုင်ရာ အုပ်စုများအလိုက် ကွင်းဆင်း၍ မဲဆန္ဒရှင်ပြည်သူများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဖြိုးဝေလင်း