မအူပင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြော

မအူပင် ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၉) နာရီက စစ်ကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်သည်။

အသိပညာပေးဟောပြောပွဲတွင် မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်မျိုးဌေးမှ ကျေးရွာနေပြည်သူများအား မီးဘေးအန္တရာယ်မဖြစ်ပွား မပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ်ကာကွယ် နိုင်ရန်ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက အလျှင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများ အသင့်ရှိနေစေရေး အသိပညာပေးဟောပြောခဲ့သည်။

 အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြပြီး သိလိုသည်များအားမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)