မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

အထက်မင်းလှ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြောက်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုလျော့နည်းပပျောက်စေရန်နှင့် တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးများအား ဥပဒေနှင့်အညီ အကာကွယ်ပေးရန်၊ ကလေးများအား အကြမ်းဖက်ခံရမှုမှအကာကွယ်ပေးရန်၊ အကြောင်းအမျိုးမျိုးကြောင့်မဖြစ်မနေ အလုပ်လုပ်ကိုင်ရပါက အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် မလုပ်ကိုင်ရန်စသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် “ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)