ဟင်္သာတမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးလျက်ရှိ

ဟင်္သာတ ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့်၊ မိသားစုဝင်များအား ပင်စင်လစာများကို ယနေ့နံနက်ပိုင်းက စတင်ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ပင်စင်လစာငွေများ ထုတ်ပေးခြင်းနှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟင်္သာတမြို့နယ်ဦးစီးမှုးရုံးမှ ဝန်ထမ်းများမှ နိင်ငံသားအချက်အလက်ဆိုင်ရာ EID (Biometric) ရိုက်ပေးခြင်းတို့အား ဟင်္သာတခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးမော်သိန်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အခက်အခဲများ မရှိစေရေး၊လွယ်ကူလျင်မြန်စေရေးတို့ကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပင်စင်လစာငွေများကို ယခုလတွင် (၂၁) ရက်နေ့မှ လကုန်ရက်ထိ ရုံးဖွင့်ရက်များမှာ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ၊ အခြေခံစားသောက်ကုန်များအား သက်သာသောအဖိုးနှုံးများဖြင့် ရောင်းချပေးမှုတို့အား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)