မင်းလှမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အထက်မင်းလှ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိစေရန် သင်ကြားပေးခဲ့သော ဆရာမများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် မြို့နယ်ပညာ‌ရေးမှူး ဦးညွန့်ဝင်းတို့က အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်မြင့်က ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲပြုလုပ်ခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိစေရန် သင်ကြားပေးခဲ့သော ဆရာမများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်သန်းက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူများအနက် (၅)ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦးရှိကြောင်း သိရသည်။

ဝင်းမြတ် (အထက်မင်းလှ)