အောင်လံ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁၉ ရက်မှ စတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအားကစားကွင်း၌ ကျင်းပလျက်ရှိသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား ကျောင်းဆရာတစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ (Fitness Dance)အဖွဲ့နှင့် ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့တို့မှ သရုပ်ပြဧည့်ခံခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးဘောလုံးအသင်း စုစုပေါင်း ၉ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲစဉ်တစ်လျှောက် ကြည့်ရှုအားပေးလျက်ရှိပြီး၊ မိဘဆရာအသင်းမှ မိဘပြည်သူများက ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအတွက် အားတက်သရောထောက်ပံ့ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)