ပုသိမ် ဩဂုတ် ၂၁
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး အားကစားအသင်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းဝင်းသည် တာဝန်ရှိသူများနှင့်အတူတက်ရောက်၍ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု မြန်မာ့သိုင်းအသင်းမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်မှတ်တမ်း ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဉ်ပြိုင်နိုင်ခဲ့ကြပါကြောင်း၊ ၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယခုအချိန်အထိ ပြိုင်ပွဲအသီးသီးမှ ရရှိခဲ့သောဆုတံဆိပ်များအရ မိမိတို့တိုင်းဒေသကြီးသည် ဒုတိယနေရာတွင်ရပ်တည်လျက်ရှိပြီး ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်ပေးကြသော ဧရာဝတီတိုင်းဒေသကြီး မြန်မာ့သိုင်း၊ တိုက်ကွမ်ဒိုနှင့် ပိုက်ကျော်ခြင်းအားကစားအသင်းများမှအုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားသွား ကြစေလိုကြောင်း”တိုက်တွန်းပြောကြားသည်။
ထို့နောက် ဂုဏ်ပြုဆုများကိုချီးမြှင့်ရာ မြန်မာ့သိုင်း အမျိုးသား(၅၇-၆၁)ကီလိုတန်း ဗန်တိုအတိုက် ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသား(၆၃-၆၈)ကီလိုတန်း ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ မြန်မာ့သိုင်း အမျိုးသား(၄၀-၄၅)ကီလိုတန်း ဓားတစ်လက်အတိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ မြန်မာ့သိုင်း အမျိုးသား(၅၀-၅၅)ကီလိုတန်း ဓားနှစ်လက်အတိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ မြန်မာ့သိုင်း အမျိုးသား(၅၃-၅၇)ကီလိုတန်း ဗန်တိုအတိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသား(၄၆)ကီလိုတန်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသား(၅၇-၆၂)ကီလိုတန်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူ၊ နည်းပြများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ၊ မြန်မာ့သိုင်း အမျိုးသမီး(၅၇-၆၁)ကီလိုတန်း ဗန်တိုအတိုက် ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး(၄၆-၄၉)ကီလိုတန်း ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး(၆၂-၆၇)ကီလိုတန်း ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိသူ၊ မြန်မာ့သိုင်း (၂)ယောက်တွဲ လက်နက်မဲ့ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး (၄၃-၄၆)ကီလိုတန်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး(၄၉-၅၃)ကီလိုတန်းပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ တိုက်ကွမ်ဒို အမျိုးသမီး(၅၃-၅၇)ကီလိုတန်း ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ၊ ပိုက်ကျော်ခြင်း အမျိုးသမီး(၄)ယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိသူ အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)