ပန်းတနော် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပုံမှန် ၂၁ ရက်နေ့မှစတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် ကာယကံရှင် ကိုယ်တိုင်ထုတ်ယူနိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာငွေများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ် က စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို လာရောက်ထုတ်ယူရာတွင် UID ကတ်ပြားယူဆောင်လာရန် လိုအပ်မည်ဖြစ်ပြီး ရုံးဖွင့်ရက်အတွင်း နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီထိ ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)