ရွှေသောင်ယံ ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးးဌာန ဝန်ထမ်းများမှ ယနေ့နံနက် (၉) နာရီခွဲအချိန်က အ.မ.က (၁၁၂) ခရင်ချောင်းကျောင်း၊အ-မ-က(၇၉)ဂျိုင်လယ်ကျောင်း၊ အ.မ.က (၁၈၃) ကျောက်တလုံးကျောင်းများသို့လှည့်လည်၍ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ကျောင်းသူများအား တစ်ကိုယ် ရေသန့်ရှင်းမှုများအကြောင်း၊ မိုးရာသီတွင်အဖြစ်များသောသွေး လွန်တုတ်ကွေးရောဂါအကြောင်း၊ ခြင်၊ယင်များပေါက်ပွားလွယ်သည့်နေရာများ၊ သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရန်ကာကွယ် ရေးနည်းများစသည်ဖြင့်ဟာပြောခဲ့ပြီး ကလေးများအားတစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးကာ လိုအပ်သလို ဆေးပေး၊ ဆေးတိုက်လုပ်ငန်းများ ဆာင်ရွက်ခဲ့ကြသည်။
ရွှေသောင်ယံ (ပြန်/ဆက်)