ပန်းတနော် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလှပန်းပင်များ မြေယာရှုခင်းပုံဖော်စိုက်ပျိုးခြင်းကို ရန်ကုန်- ပုသိမ်ကားလမ်းဘေး ဦးသန့်စာကြည့်တိုက် အဆောက်အဦ ရှေ့တွင်စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အဝင်အထွက် ဆိုင်းဘုတ်နှင့် ရန်ကုန်-ပုသိမ်ကားလမ်းဘေး ဦးသန့်စာကြည့်တိုက် အဆောက်အဦ ရှေ့တွင်အလှပန်းပင်များ မြေယာရှုခင်းပုံဖော်စိုက်ပျိုးခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့အတူ ပန်းတနော်မြို့ သန်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ အပတ်စဥ်ချုံနွယ်မြက်ပင်များ ရှင်းလင်းခြင်း၊ ပလတ်စတစ်အမှိုက်များကောက်ယူခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)