ပန်းတနော်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်း‌ဆင်းဆောင်ရွက်

ပန်းတနော် ဩဂုတ် ၂၁

ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက တောကျောင်း ကျေးရွာအုပ်စုအတွင်းရှိ ပညာ့အလင်းရောင်စာကြည့်တိုက်သို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးနှင့်ဝန်ထမ်းများက စာကြည့်တိုက်မှူး၊ စာကြည့်တိုက်‌ ကော်မတီများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်အဆောက်အဦ၊ စာဖတ်ခန်းများသန့်ရှင်း‌ သပ်ရပ်‌စေရေးနှင့် လေဝင်လေထွက်ကောင်းမွန်စေရေး၊ စာကြည်တိုက်ရှိ စာအုပ်များ စနစ်တကျ ထားရှိစေရေး၊ လှူဒါန်းရရှိ‌သောစာအုပ်များ စာရင်းရေးသွင်းမှုအား သင်ကြားပြသခြင်းနှင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်တည်တံခိုင်မြဲရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)