ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား UID (ခေါ်) Smart Card အား ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေး

ဆင်ပေါင်ဝဲ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက UID (ခေါ်) Smart Card အား ယနေ့နံနက် ၈ နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် ဆက်လက်ပြုလုပ်ပေးလျက်ရှိသည်။

အဆိုပါဆောင်ရွက်ရာတွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစောလှမောင် လမ်းညွှန်မှုဖြင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများ၏ Biometric အချက်အလက်များ စိစစ်ကောက်ယူခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဖွေ Scan ဖတ်ခြင်းလိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ထည့်သွင်းခြင်းတို့ပြုလုပ်ကာ UID (ခေါ်) Smart Card အား အလွယ်တကူရရှိနိုင်ရေး လစဥ်ပင်စင်လာရောက်ထုတ်ရက်များဖြစ်သည့် (၂၁)ရက်နေ့မှ(၂၅)ရက်နေ့အထိ လစဥ်လတိုင်း ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)