ငါးသိုင်းချောင်း သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် လူငယ်များအသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့သစ်ကျောင်း၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့သစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်ကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ဓာတ်ပုံကျွမ်းကျင်-၂ ဦးခင်မောင်မြင့်က ကျောင်းသား/ ကျောင်းသူများအား ဦးနှောက်ဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့စည်ပင်သာယာရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးမျိုးမင်းဇော်က ပလတ်စတစ်အန္တရာယ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနည်းပြ နည်းစနစ်မှူး ဦးဝေယံထွန်းက လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားပြီး အခြေခံကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုများကို ကျောင်းသား၊ ကျောင်းသူလေးများနှင့်အတူ လက်တွေ့ပြသ လုပ်ဆောင်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)