မြောင်းမြတွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

မြောင်းမြ သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဲဆန္ဒရှင်များ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ယနေ့နံနက်က စကမြားကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြောင်းမြမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်တာဝန်ရှိသူများသွားရောက်ခဲ့ကြပြီး မြောင်းမြမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဦးစီးအရာရှိဦးစိုင်းနေဇာမောင်က မဲပေးစက်နှင့် မဲပေးပုံအဆင့်ဆင့်အား မဲပေးစက်နှစ်လုံးဖြင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအား ရှင်းလင်းပြောကြားခြင်းနှင့် MEVM (Myanmar Electronic Voting Machine)စနစ်ဖြင့် မဲပေးပုံပေးနည်းများအား MEVM စနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရာ ကျေးရွာပြည်သူများက တက်ရောက်စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)