မော်လမြိုင်ကျွန်း ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးကြီးမှူး၍ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ရွှေပြည့်စုံဆန်စက်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဦးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့်တပ်ဖွဲ့ဝင်များက ပြည်သူများ၊ လုပ်ငန်းရှင်များအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက် မိမိတို့၏ ဝန်ထမ်းနေအိမ်များ၊ လုပ်ငန်းခွင်များတွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျ ကိုင်တွယ်အသုံးပြုရေး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အသင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား ပြောကြားခဲ့ပြီး တာဝန်ရှိသူများကစစ်ဆေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)