ဟိုင်းကြီးကျွန်းမြို့ အ.လ.က (ခွဲ) ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျောင်းအုပ်ဆရာကြီးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုင်းကြီးကျွန်း သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်သန်စွမ်း၍ အားကစားထူးချွန်သော ကျောင်းသား/ ကျောင်းသူများဖြစ်လာစေရန်ရည်ရွယ်၍ ကျောင်းအုပ်ဆရာကြီးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်က အ.လ.က (ခွဲ) ဟိုင်းကြီးရွာသစ်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.လ.က (ခွဲ) ဟိုင်းကြီးရွာသစ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၊ကျောင်းအုပ်ဆရာကြီး ဦးနေလင်းအောင်မှ ယခုလိုအားကစားပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်ကစားကြရန်အမှာစကားပြောကြား၍ ပြိုင်ပွဲအခမ်းအနားအား စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများမှ စတင်ယှဉ်ပြိုင်ခဲ့ကြရာ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်ပရိသတ်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများမှလည်း တစ်ခဲနက်အားပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)