စေတုတ္တရာမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ (ပင်စင်)လစာငွေများ ပုံမှန်ထုတ်ပေး

စေတုတ္တရာ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြန်မာ့စီးပွား‌ရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများ​၏ ပင်စင်လစားများအား လစဉ်ပုံမှန် ၂၁ ရက်နေ့တွင် ပင်စင်လစာများ အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိဝန်ထမ်းများသည် ပင်စင်ထုတ်ရက်မတိုင်မီ စာရင်းဇယားများကို စနစ်တကျကြိုတင်ပြင်ဆင်ထားရှိပြီး အချိန်ကြန့်ကြာမှုမရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာ ထုတ်ပေးနိုင်ရေးကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း (၅၂၅)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)