အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး

အိမ်မဲ သြဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယခုလ (၂၁)ရက် နေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း ၁၇၂၅ ဦးရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မှ သိရသည်။

“အိမ်မဲမြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း ၁၇၀၀ ကျော်ရှိပါတယ်။ ပင်စင်လစာငွေများကို ဒီလမှာတော့ (၂၁) ရက်နေ့ကနေ လကုန်ရက်ထိ ရုံးဖွင့်ရက်များမှာဆက်လက်ထုတ်ပေးသွားမှာပါ။ ယနေ့နံနက်ပိုင်း(၉)နာရီလောက်အထိ အငြိမ်းစားဝန်ထမ်း (၃၀) ကျော်လောက်ပင်စင် လစာထုတ်ပေးပြီးပါပြီလို့ အိမ်မဲမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်