ဇလွန် သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာ ဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များက ဇလွန်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ (၁၅၇) ဦးတို့အား (ဧပြီ၊ မေ၊ ဇွန်)လများအတွက် တစ်ဦးလျှင် ထောက်ပံ့ချီးမြှင့်ငွေကျပ် (၆၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ချီးမြှင့်ငွေ ကျပ်(၉၄၂၀၀၀၀) အား ယာယီနေရပ်စွန့်ခွာပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ဝေယံ - ဇလွန်