ဖျာပုံ သြဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်မှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့အ.ထ.က(အ.ထ.က-၁) ကျောင်းအောင် မြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်မှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောတွင် ဖျာပုံခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့ ရဲအုပ်ဝင်းထက်ဟိန်းက လူကုန်ကူးမှုဖြစ်ပွားရခြင်းနှင့် လူကုန်ကူမှု မဖြစ်ပွားစေရန် ဆောင်ရန်ရှောင်ရန်များအား အသေးစိတ်ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဒေါ်မြတ်မြတ်စိုးက အမျိုးသမီးများအား အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ သွေးဆောင်ဖြားယောင်မှု ကာကွယ် စောင့်ရှောက်ပေးခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်စန်းက အမျိုးသမီးများဆိုင်ရာ ကာကွယ် ပေးထားသည့်အခွင့်အရေးများ၊ ဥပဒေများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကသိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာကြိုင်၊ ခရိုင်လူကုန်ကူးမှုတားဆီနှိမ်နင်းရေးတပ်ဖွဲ့ ရဲအုပ်ဝင်းထက်ဟိန်း၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဒေါ်မြင့်မြင့်စန်း၊ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယခရိုင် ဦးစီးမှူး ဒေါ်မြတ်မြတ်စိုး၊ ဖျာပုံမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဆန်းဆန်းဦးနှင့်အဖွဲ့ဝင်များ၊ အ.ထ.က(၁)ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးခန့် တက်ရောက် ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်