ပြည် ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြီးမှူးကျင်းပသော ဒုတိယအကြိမ်ခရိုင်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပြည်ပညာရေးဒီဂရီကောလိပ်ဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်စိုးဦးဟန်က ပြည်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါက်တာမင်းမင်းသိမ့်ထံသို့လည်းကောင်း၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးသိန်းအောင်က အဆိုပါကောလိပ်ကျောင်းသား၊ ကျောင်းသူများထံသို့လည်းကောင်း ပျိုးပင်များစိုက်ပျိုးရန်ဖြန့်ဝေပေးအပ်သည်။
ထို့နောက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင်အဖွဲ့ဝင်များ၊ ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများ၊ ပြည်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစု ပေါင်းတက်ရောက်သူအင်အား(၇၅၀)ဦးက တမာပင်(၆၆၀)၊ ပျဉ်းမ၊ ပိတောက်၊ မဟော်ဂနီ၊ ရေတမာ၊ ပျဉ်းကတိုးနှင့် ကံ့ကော်ပင်(၅၄)ပင်စီနှင့် ခရေ(၁၁၆)ပင်အပါအဝင် ပျိုးပင်ပေါင်း(၁၁၀၀)ပင်ကို စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)