ကျောင်းကုန်း ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲအချိန်ခန့်က ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို (Grade - 8) ကျောင်းသား/ကျောင်းသူလေးများက "မြန်မာ့ကျောင်း"သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးတာဝန်ခံ ဦးဆန်းဝင်းက " သင်ယူမှုကို မရပ်တန့်ပါနဲ့" ဟု အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၃)ဘာသာဂုဏ်ထူးရှင် မအေးသီတာမိုးနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/မများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်/ ကောလိပ်များ၌ ပညာသင်ကြားနေသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့သည်။ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းက ဝမ်းမြောက်စကားပြောကြားခဲ့ပြီး၊ အခမ်းအနားကို Grade 8 ကျောင်းသား/သူများက "ဇာတိမာန်" သီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)