ကျုံပျော် ဩဂုတ် ၂၀
အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် ၂၀၂၅ ခုနှစ် ကျုံပျော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တိုက်နယ်အလိုက် အလွတ်တမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၁၉ ရက် ညနေ ၃ နာရီက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲသို့ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘောလုံးဝါသနာရှင် ပြည်သူများတက်ရောက်အားပေးခဲ့ကြပြီး၊ ဦးစွာ အားကစားသမားများက ကွင်းအတွင်း ဝင်ရောက်နေရာယူကြကာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူးအား အလေးပြုခြင်းနှင့် စစ်ကြောင်းမှူးက ပြိုင်ပွဲဝင်အင်အား သတင်းပို့ခြင်းတို့ကို ဆောင်ရွက်သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူးက အားကစားယှဉ်ပြိုင်ခြင်းဖြင့် စည်းလုံးညီညွတ်မှုနှင့် စုပေါင်းစိတ်ဓာတ်ကို ရရှိစေကြောင်း၊ အားကစား စိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားပြီး၊ အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွက်ဆိုကာ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသို့ ဘောလုံးအသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြပြီး၊ ယနေ့ပြိုင်ပွဲတွင် အထောင်တိုက်နယ်အသင်းနှင့် ရေစခန်းတိုက်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အထောင်တိုက်နယ်အသင်းက သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)