ရွှေသောင်ယံ ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က(ရွှေသောင်ယံ)တွင် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အ-ထ-က(ရွှေသောင်ယံ)ရှေ့ကမ်းခြေတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အထက်တန်း၊ အလယ်တန်း ကျောင်းသူလေးများ၏ အကအလှများ၊ မူလတန်းကျောင်းသူလေးများ၏ ပန်းဖွားအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများနှင့် တက်ရောက်လာကြသော တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များမှ နိုင်ငံတော်အလံအားအလေးပြုခြင်း၊ နိုင်ငံတာ်သီချင်းအား သံပြိုင်သီဆိုခြင်း၊ အားကစားသမားများမှ သစ္စာအဓိဌာန်(၄)ချက်အား သီဆိုခြင်း၊ တာဝန်ရှိသူအသီးသီးမှ အမှာစကားများ ပြောကြားခြင်းတို့ ပြုလုပ်ဆာင်ရွက်ခဲ့သည်။
အဆိုပါ ကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်း (၅)သင်းနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ၊ အ.ထ.က(ရွှေသောင်ယံ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များစုံညီစွာတက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)