လက်ပံတန်း၌ သဘာဝမြစ်ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်

လက်ပံတန်း ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဥိးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးအိုင်ကျေးရွာအုပ်စု၊ တာဆိပ်ချောင်းအတွင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ငါးမျိုးတစ်သိန်းကျော်စိုက်ထည့်ပေးခဲ့ကြသည်။

ဒေသတွင်းငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံ့ရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးအတွက် မြစ်ချောင်းအင်းအိုင်ဆည်တမံသဘာဝရေပြင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ပြီး လက်ပံတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများက ရှင်သန် ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးခုံးမကြီးကောင်ရေ ၅၀၀၀၀၊ ငါးမြစ်ချင်းကောင်ရေ ၅၀၀၀၀၊ ငါးခေါင်းပွကောင်ရေ ၂၀၀၀၀ စုစုပေါင်းကောင်ရေ ၁၂၀၀၀၀ ကို တာဆိပ်ချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)